ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်

ဇလွန် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကိုယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာ​ပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန်၊ နစ်နာဆုံးရူံးမှုများကို ကာကွယ်ပေးရန်၊ ကုန်စည်တစ်ခုကို ထုတ်လုပ်ရောင်းချတဲ့အခါ ဥပဒေပါအတိုင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံအောင် ဖော်ပြရန်လိုအပ်ကြောင်း ဒါမှသာ စားသုံးသူများက ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်တစ်ခုကို ဝယ်ယူအသုံးပြုရမှာဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် ပတ်သက်ပြီး စျေးကွက်အတွင်းမှ အန္တရာယ်ရှိကြောင်းတိုင် ကြားလာမှုရှိလျှင်သော်လည်းကောင်း၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော်လည်းကောင်း စစ်ဆေးအရေးယူဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူ အကာကွယ်ပေးရေးဥပဒေအရ စျေးကွက်စစ်ဆေးရေးအရာရှိများထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)