ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ အခြခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၂)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် နိုဝင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ အခြေခံပညာအထက်တန် ကျောင်း(ခွဲ)၌ ကျောင်းဆောင်သစ်လိုအပ်မှုအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနစ်တွင် (၂)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ(၂၇၈.၆၀၀)ကျပ်သန်းဖြင့် Yoon Dana Haling ကုမ္ပဏီမှတာဝန်ယူကာ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ RCC (၂)ထပ် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးခြင် ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အခြခံပညာရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျောင်းပေါင်း(၁၄)ကျောင်း ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရပြီး ပြင်ဆင်ရမည့်ကျောင်းများအား ပြင်ဆင်ပေးခြင်း၊ ကျောင်းဝန်များလုံခြုံရေးအတွက် အုတ်တံတိုင်းများ ကာရံပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်