မိုးနဲ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင် းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်/ စာပေများကို ပြည်သူများ ငှားရမ်းဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်၊ စာဖတ်ခြင်းကြောင့် အသိပညာတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန်၊ ဖုန်းအသုံးပြုမည့်အစား အားလပ်သောအချိန်ကို စာအုပ်/စာပေဖတ်ရှုခြင်းဖြင့် ကုန်ဆုံးစေရန်၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မငှားရမ်းနိုင်သော စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များအနေဖြင့် အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းငှားရမ်း ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စာအုပ်/စာစောင်များကို အပတ်စဉ် ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)