လေးမျက်နှာ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျက်သရေဆောင် သံသရာ ငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော်၏ အရှေ့မြောက်ထောင့် ဗောဓိပင်အား ပုလ္လင်တော် ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ အဆိုပါဗောဓိပင်တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပရဟိတကျောင်းတိုက်ဆရာတော်မှ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ မေတ္တာပို့ အမျှဝေကာ ဖွင့်လှစ်ပေးခဲ့ပြီး ဗောဓိညောင်ပင်ရင်းရှိ ပလ္လင်တော်ဆောက်လုပ် မည့် မြေနေရာအား အလှူရှင် ဌာနဆိုင်ရာအကြီးအကဲများမှ ပန္နက်ရိုက်ခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်မှ အနီးကပ်ကြီးကြပ်ကာ ဌာနဆိုင်ရာ အလှူရှင်များ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ လေးမျက်နှာမြို့နယ်သူ မြို့နယ်သားများ စုပေါင်းကာ ပလ္လင်တော်အား ဆောက်လုပ် လှူဒါန်းခြင်းဖြစ်ပြီး သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မှ ဗောဓိညောင်ပင်သို့ သွားရာလမ်းကို မြေရောကျောက်ခင်းခြင်းလည်း ပါဝင်ကြောင်း သိရ သည်။
ဗောဓိညောင်ပင်သည် သံသရာငြိမ်းအေးစတုမုခဇေယျ သိဒ္ဓိစေတီတော်၏ အရှေ့မြောက် ထောင့်အရပ်တွင်ရှိပြီး ကဆုန်ညောင်ရေသွန်းပွဲနှင့် အလှူများပြုလုပ်ရာတွင် သွားလာရ ခက်ခဲလျက်ရှိပြီး ပလ္လင်တော်နှင့် လူလျှောက်လမ်း ပြုလုပ်ပြီးပါက ဘုရားဖူးသူများ အတွက် အဆင်ပြေချောမွေ့မည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)