ရပ်စောက်မြို့နယ်တွင် အမျိုးသားနေ့အကြောင်း သိကောင်းစရာ  Talk Show အစီအစဉ် ရိုက်ကူး ထုတ်လွှင့်

နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အကြောင်းသိကောင်းစရာ Talk Show အစီအစဉ်ရိုက်ကူးခြင်းအား တောင်ကြီးခရိုင်၊ ရပ်စောက်မြို့  နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ရိုက်ကူးသည်။

၁၀၂ နှစ်မြောက် ၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲ၊ ဆုပေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ် ၁၀၂ နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲကို ယ‌မန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နှင့် မြို့နယ်စာရေးဆရာ အသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

​မာန်အောင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ​မာန်အောင်မြို့နယ်၌  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ-ထ-က (ခွဲ)စျေးတန်းကျောင်း၌ ကျင်းပခဲ့သည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ဟိုပန်၌ ပြုလုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူ များအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်ရာ စိုကပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးစီးမှုအား ယ‌မန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍မရသော အကျိုးကျေးဇူးများ အများအပြား ပေးနိုင်သဖြင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်

ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတောဧရိယာအဖြစ် ဧကပေါင်း (၇၁၁၆၉၆)ဧကနှင့် ဟက်တာပေါင်း (၂၈၈၀၁၉)ဟက်တာ တည်ရှိရာ အဆိုပါ ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍ မရနိုင်သော အကျိုးကျေးဇူးများ အများအပြားပေးနိုင်သဖြင့် ဒီရေတောများအား လူသားတို့အနေဖြင့် တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်နိုင်ရန် အဓိက လိုအပ်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မိုင်းအသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် ၇နာရီက မိုင်းအသိပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။

အ.မ.ကပိန္နဲကုန်းကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းများ အသိပညာဗဟုသုတပိုမိုရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အ.မ.က ပိန္နဲကုန်းကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to