​မာန်အောင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မာန်အောင် နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၌  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် နာရီက --က (ခွဲ)စျေးတန်းကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့်တွင် ကျောင်းသား/သူ (၁၂ ) ဦးက အမျိုးသားအောင်ပွဲနေ့မှသည် ဖယ်ဒရယ်ပြည်ထောင်စုဆီသို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ (၁၉) ဦးက အမျိုးသားအောင်ပွဲနေ့မှသည်အနာဂတ်ပြည်သို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် တွင် ကျောင်းသား/သူ(၁၀) ဦးက အမျိုးသားနေ့မမေ့အပ်ပေတို့တစ်တွေခေါင်စဉ်ဖြင့်လည်းကောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား/သူများအား နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရာတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)