ပန်းတနော်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အမျိုးသမီးများ၏ တန်ဖိုးခေါင်းစဉ်ဖြင့် Book Club အဖွဲ့စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်း၌  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစိတ်ကြိုက် ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဲစိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို နိုဝင်ဘာ (၁၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ တက်ရောက်ခဲ့ကြသည်။

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်း ထောက်ပံ့ပေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများသည် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်း ထောက်ပံပေးအပ်ခြင်းတို့ကို ယမန်‌နေ့ နံနက်ပိုင်းက ဗောဓိရုက္ခ အလယ်တန်းကျောင်းနှင့် ကြို့ပင်သာ မူလတန်းလွန်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၀၀) အား ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်တွင်   မူကြိုအရွယ်ကလေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေး သူငယ်ဥပဒေ ပြဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတအခြေခံကောင်းများဖြင့် မူလတန်းကျောင်းများသို့ ဝင်ရောက်စေနိုင်ရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်း ကြိုကျောင်းတွင် ယနေ့နံက်(၁၀) နာရီက ကျောင်းသား/ ကျောင်းသူများ (၁၀၀) အား ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တွန်းဇံမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြိုင်ပွဲကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၂၃) သုံးကြိမ်မြောက် မိုးပေါ်ကျဘုံကထိန် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ (၂၃) ကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းကျင်းပသည့် မိုးပေါ်ကျ ဘုံကထိန်၊ ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to