ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မိုင်းအသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ဒဂုံ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့ နံနက် ၇ နာရီက မိုင်းအသိပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။

မိုင်းအသိပညာပေးဟောပြောခြင်းကို BE တပ်မှ တပ်ကြပ်ဇော်မင်းက ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် မိုင်းအန္တရာယ်ကာကွယ်ရေး  မိုင်းအသိပညာပေးဟောပြောပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင်က မိုင်းအန္တရာယ်ဆိုင်ရာ မိုင်အသိ၊မိုင်းသတိရှိစေရေး ထပ်ဆင့်ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ မိုင်းအသိ၊ မိုင်းအသိပညာပေး ဟောပြောပွဲကို မြို့နယ်သန့်ရှင်းသာယာလှပရေး ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် မိမိလုံခြုံရေးသတိထားဆောင်ရွက်နိုင်ရန်  ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဟောပြောပွဲသို့ အမှတ်() စစ်အုပ်ချုပ်ရေးနယ်မြေမှူး (စစ်ဒေသမှူး) ဗိုလ်မှူးကြီး စိုးဝင်းအောင်နှင့် တပ်မတော်စစ်ကြောင်းမှ ဗိုလ်ကြီး ထွန်းမင်းရာတို့ တက်ရောက်အားပေးကြောင်း သတင်းရသည်။

သန်းသန်းအေး(ပြန်/ဆက်)