ရပ်စောက် နိုဝင်ဘာ ၁၆
နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာ Talk Show အစီအစဉ်ရိုက်ကူးခြင်းအား တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ရိုက်ကူးသည်။
Talk Show အစီအစဉ်ကို ရပ်စောက်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြ(ငြိမ်း)ဆရာမကြီး ဒေါ်ကြည်ဌေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်သားရုပ်သံ ဒေါ်အိယမုံဖူးတို့က ဆွေးနွေးခဲ့ကြပါသည်။
အမျိုးသားအောင်ပွဲနေ့အကြောင်း ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆရာမ ဒေါ်ကြည်ဌေးက အမျိုးသားနေ့အောင်ပွဲများ ကျင်းပရခြင်းအကြောင်းနှင့် အမျိုးသားရေး နိုးကြားလာမှုဖြစ်စဉ်များ၊ ဗြိတိသျှနယ်ချဲ့ အစိုးရအုပ်ချုပ်သော မြန်မာတို့၏ နယ်ချဲ့အစိုးရကို ပထမအကြိမ်အဖြစ် အန်တုပြီးနိုင်ငံရေး နိုးကြားလာခဲ့ပုံ၊ အမျိုးသားကျောင်းများ စတင် တည်ထောင်ခဲ့ပုံ၊ မြို့မအမျိုးသားကျောင်းကြီးရဲ့ မောင်နှမအဖြစ် အမျိုးသမီး အထက်တန်းကျောင်း ပေါ်ပေါက်လာပုံနှင့် အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်း များပေါ်ပေါက်လာခြင်း၏ အကျိုးကျေးဇူးတို့ကို ဆွေးနွေး ခဲ့ကြပါသည်။
မြို့နယ်(ပြန်/ဆက်)