မိုင်းယောင်းတွင် လိမ္မော်သီးများ ဈေးကောင်းရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန် ထွက်ရှိလာ သည့် လိမ္မော်သီးများ ပေါ်ဦးပေါ်ဖျားကာလတွင် တစ်ကီလို ကျပ် ၄၀၀၀ အဖွင့်ဈေးကောင်း ရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိသည်။