ဘူးသီးတောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပိုစတာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် (၁၀၂) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ့ (၃) နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား အခမဲ ့ဖြန့်ဝေပေးခဲ့‌သည်။

ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက  ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန် ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး တာဝန်ရှိသူများက   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများ မြန်အောင်မြို့ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်ပြိုင်ပွဲများကို နိုဝင်ဘာ ၁၅ ရက်နေ့က မြန်အောင်မြို့ ပြန်/ဆက် ဦးစီးဌာန Community Centre ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ရတနာ (၃ )ပါး ပူဇော်ပွဲကြီးအား (၆၂) ကြိမ် မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပထမဝေဘူဆရာတော်ကြီးလက်ထက်မှ စတင်ပြီး တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်နေ့တွင်  နှစ်စဉ်ကျင်းပပြုလုပ်သည့် ရတနာ (၃) ပါး ပူဇော်ပွဲ ကြီးကို ယမန်နေ့နံနက် (၇) နာရီအချိန်က ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ဝေဘူချောင်တွင်  သာသနာ့နယ်မြေဝင်းအတွင်းတွင် (၆၂) ကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊‌ ကျောင်းသူများ အမျိုးသားရေး စိတ်ဓာတ် နိုးကြားလာစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက အင်းစိန်မြို့နယ်၊ အ.ထ.က(၁) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု (Clean and Green School Award ) ယှဉ်ပြိုင်လျှောက်ထားကျောင်းများသို့ သွားရောက်လေ့လာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု (Clean and Green School Award) ယှဉ်ပြိုင်လျှောက်ထား ကျောင်းများအချင်းချင်း အသိ ပညာဖလှယ်ရေးအစီအစဉ်အရ သွားရောက်လေ့လာခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဆု ပါဝင်ယှဉ်ပြိုင်လျှောက်ထားသည့်ကျောင်းဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ၊ဆရာများနှင့်၊ ကျောင်းသား၊ ကျောင်းသူများက ဆောင်ရွက်ခဲ့သည်။
Subscribe to