၁၀၂ နှစ်မြောက် ၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲ၊ ဆုပေးပွဲကျင်းပ

ဝမ်းတွင်း   နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ် ၁၀၂ နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲကို ယ‌မန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး    ဦးရဲမြင့်သိန်းက    ပြိုင်ပွဲပြုလုပ်ရခြင်း၊    ဆု‌ပေး ရခြင်းနှင့် ပတ်သက်၍   ရှင်းလင်းပြောကြားသည်။ ဆက်လက်၍   မြို့နယ်ပညာရေးမှူး ဒေါ်သီတာ က အမျိုးသားနေ့အကြောင်း သိကောင်းစရာများနှင့်လာမည့်လများတွင်လည်း ကျောင်းသား/ ကျောင်းသူများအား ပြိုင်ပွဲများပြုလုပ်သွားရန်ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ပြိုင်ပွဲတွင် သဲတော-ဝမ်းတွင်း အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၁)ဦးမှ ယှဉ်ပြိင်ခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကို      ကျင်းပပြုလုပ် ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး    ဦးရဲမြင့်သိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြဟန်၊       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် သဲတော-ဝမ်းတွင်း အ-ထ-က ကျောင်းမှ   ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့များ၊ ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများနှင့် ကျောင်းသား/  ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)