မြစ်ကြီးနားမြို့ Community Centre ၌ ဒေသခံတိုင်းရင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် အခြေခံစက်ချုပ်သင်တန်း (အခမဲ့) ဖွင့်လှစ်

မြစ်ကြီးနား နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ စေရန်နှင့် အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် အခြေခံစက်ချုပ်သင်တန်း (အခမဲ့)ကို ယနေ့နံနက် ၉ နာရီခွဲက အောင်ဆန်းလမ်း၊ ခရေပင်လမ်းထောင့်၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စတင်ဖွင့်လှစ်သည်။

အခြေခံစက်ချုပ်သင်တန်းတွင် အခြေခံလက်ချုပ်နည်း၊ အခြေခံစက်ချုပ်နည်း၊ ကလေးဝတ် ဘောင်းဘီ (အတို၊ အရှည်)၊ သင်္ဘောသားအင်္ကျီ၊ လုံချည် (စုံ​ဒေါက်၊ ပတ်လည်​​ဒေါက်)၊ ဘလောက်အင်္ကျီ (ရင်စေ့၊ ရင်ဖုံး) နှင့် သုံးလွှာ၊ လေးလွှာ ချုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ နည်းပြဆရာမများက ဒေသခံတိုင်းရင်းသူ (၂၀) ဦးတို့အား နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ (၁) လ ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနား မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည်။

ခရိုင်(ပြန်/ဆက်)