ပခုက္ကူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် နိုဝင်ဘာလ၁၆ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်၂၁လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက်၁၁နာရီခွဲအချိန်က ပခုက္ကူခရိုင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပသည်။
ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုဖြစ်ပွားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်၂၁လုံး၊ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၉၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး နှင့်ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၂၉၉၅၀၀/ကို ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာရွှေက ကျေးရွာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)