ဝေါမြို့နယ်၌  ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

ဝေါ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ပြီး၊ စာပေအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်း လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)မှ အလယ်တန်း   အဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)