ကြို့ပင်ကောက် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer (Orange Cap) ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (IELC နှင့် Kids Of Future) ကိုယ်ပိုင်မူကြိုကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီးထိုးနှံပေးရခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် စတင်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များဆေးထိုးရန် ကျန်ရှိမှုမဖြစ်စေရေးအတွက် တစုတဝေးတည်း ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ဆေးထိုးအဖွဲ့ခေါင်းဆောင် တာဝန်ခံဆရာဝန်ကပြောသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အမျိုးသမီးရေးရာမဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက အတူပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)