ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) တွင် ဘွဲ့ကြိုပထမနှစ်ကျောင်းသား/ကျောင်းသူ မောင်မယ်များ ကြိုဆိုပွဲကျင်းပ

ဗန်းမော် နိုဝင်ဘာ    ၂၁

ကချင်ပြည်နယ်ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) ၌ ဘွဲ့ကြိုပထမနှစ် ကျောင်းသား/ကျောင်းသူ မောင်မယ်များ ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခဒေါက်တာတင်မြင့်နိုင်က     အဖွင့်အမှာစကားပြောကြားပြီး မော်ကွန်းထိန်ဒေါ်နွေဇင်မိုးက Credits System အကြောင်း သိကောင်းစရာများနှင့်  ကျောင်းစည်းကမ်းပိုင်းဆိုင်ရာများကိုလည်းကောင်း၊ ဆရာမဒေါ်ခိုင်ဇာမြင့်အောင်က       ကွန်ပျူတာသိပ္ပံပညာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊   ဆရာမဒေါ်အိအိခိုင်က   ကွန်ပျူတာနည်းပညာရပ်များနှင့်       ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူ စီနီယာများကိုယ်စား စတုတ္ထနှစ်မှ   မောင်သာထက်အောင်က   ကြိုဆိုနှုတ်ခွန်းဆက်   စကားပြောကြားခဲ့ကြောင်း သိရသည်။