မဟာအောင်မြေ နိုဝင်ဘာ ၂၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၀)စုအနက် (၃၇)စုအား တတိယအကြိမ်အဖြစ် လစဉ်အလှည့်ကျ ဆန်၊ဆီ၊အဝတ်အထည်စားသောက်ကုန်များ ပေးအပ်ပွဲ ကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ဆက်လက်ပြီး ပေးအပ်လှူဒါန်းပွဲအား မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်မြင့်ဦး၏လမ်းညွှန်မှုဖြင့် မိဘပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာ အသက်(၈၀)နှစ်အထက် အိမ်ထောင်စု (၈)စု အား ငွေကျပ်(၁၀၀၀)၊ထမိန်(၁) ထည်၊ ဆန် (၂) ပြည်၊ဆီ(၅၀)ကျပ်သား၊ ကြက်ဉ(၁၀)လုံးနှင့် အသက်(၈၀)နှစ်အောက် အိမ်ထောင်စု (၂၉)စုအား ဆန်(၂)ပြည်၊ဆီ(၅၀)ကျပ်သား၊ကြက်ဉ(၁၀)လုံးတို့အား လစဉ် အလှည့်ကျပေးအပ် လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဉက္ကဋ္ဌဦးတင်မြင့်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ထောက်ပံ့ ပေးအပ်လှူဒါန်းကြရာ အဘိုး၊အဘွားများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဉက္ကဋ္ဌဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူများ၊ အဘိုးအဘွားများ တက်ရောက်ကြောင်းသိရသည်။
အောင်ဇော်မင်း