မိုးညှင်း နိုဝင်ဘာ ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးဝင်းနိုင်၏ လယ်မြေကွင်းအမှတ် (၃၁၂)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်သီးထပ် ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချစက်ကိရိယာသုံး စိုက်ပျိုးမှု ကွင်းသရုပ်ပြသခြင်းနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက နေကြာသီးနှံ စိုက်ပျိုးရေး နည်းစနစ်ကောင်းများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းများ၊ အပင်ပြုစုစောင့်ရှောက်ခြင်းများ၊ နေကြာနှင့် အခြားသီးနှံများ သီးညှပ်စိုက်ပျိုးခြင်းများနှင့် နေကြာဆီစားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ စသည်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချ လက်တွန်းစက်ကိရိယာဖြင့် စိုက်ပျိုးမှု အခြေအနေများကို သရုပ်ပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများနှင့် တောင်သူများက တပျော်တပါး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား နေကြာမျိုးစေ့များကို အသီးသီး ထောက်ပံ့ ပေးအပ်ကြပြီး နေကြာသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင့် သိရသည်။
ရွှေမိုးညှင်း