ပြင်ဦးလွင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ကလေးသူငယ်များရရှိမည့် အခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားဆွေးနွေးသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နိုင်နိုင်စိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်း၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် လူမှုရေးကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကာ  အစည်းအဝေးဆုံးဖြတ်ချက်များအား ဝိုင်းဝန်းချမှတ်အတည်ပြုခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)