ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂)ဖွင့်လှစ်

ကျောက်ဆည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်နည်းပညာတက္ကသိုလ် အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂) ဖွင့်လှစ်ခဲ့ရာ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်စီးမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်မှပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊လက် ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာ နိုင်ငံသာမက ကမ္ဘာနိုင်ငံများတွင် ငလျင်ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်နေသည့်အပေါ် မီး သတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျ တုန့်ပြန်ရင်ဆိုင်ဆိုင်နိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပရဟိတလုပ်ငန်းစိတ်ပါဝင်စားသူ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန်အတွက် နိုင်ငံတကာတွင်အသုံးပြုလျက်ရှိသည့်  ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုပြီး အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်တတ်မြောက် စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် သင်တန်းသားများက သင်တန်းတွင် လက်တွေ့ကိုင်တွယ်အသုံးပြုသွားမည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီ အခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံရှင်းလင်း ပြသခဲ့ပြီး သင်တန်းကိုဆက်လက်ပို့ချသင်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် အခြေခံကြိုးချည်နည်း၊ ကြိုးကူးနည်း၊ ကြိုးအတက်အဆင်းပြုလုပ်နည်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအကြောင်း၊ ရေးပေါ်သူနာပြုစုနည်းနှင့် ပတ် တီးစည်းနည်းများ၊ အသက်ရှုကိရိယာအသုံးပြုခြင်းနှင့်အမှောင်ထုအတွင်းလှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ရေး၊ လေအိပ်အသုံးပြုနည်း၊Line Shooter ကြိုးပစ်သေနတ်ပစ်နည်း၊ မြို့ပြရှာဖွေကယ်ဆယ်ရေးနှင့် စောင့်ကြည့်ကိရိယာများ ကိုင်တွယ် အသုံးပြုနည်း၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုတွင်ရှာဖွေကယ်ဆယ်ခြင်းနည်း၊ Marking Signalling System ၊ Vallery Rescue Technique ၊ Skate Block Technique ၊ Cribbing Method ၊Breeching /Breaking Method စသည့် နည်းများကို စာတွေ့လက်တွေ့စနစ်တကျ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)