မိုင်းရှူးမြို့နယ် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း လျာထားဆောင်ရွက်မည့် Clean & Green Cities အဖြစ် ဖော်ဆောင်လျာထားလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မိုင်းရှူး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း လျာထားဆောင်ရွက်မည့် Clean & Green Cities အဖြစ် ဖော်ဆောင်လျာထားလုပ်ငန်းများအား ယမန်နေ့ နံနက်(၈)နာရီက အမှတ်(၂)ရပ်ကွက်၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်တည်‌ဆောက်ရေးကော်မတီအဖွဲ့ဝင်များက Clean & Green Cities လုပ်ငန်း​များ ဖော်ဆောင်ရန်အတွက် လမ်းချဲ့ထွင်ခြင်းများ၊ ရေပြွန်တည်ဆောက်ခြင်း၊ မီးပွိုင့်တပ်ဆင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက် ကြည့်ရှူစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

သန်းလူ(ပြန်/ဆက်)