ပွင့်ဖြူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ် ပြသဆောင်ရွက်

ပွင့်ဖြူ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးများ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်ပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်ရုံးရှေ့ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း သိကောင်းစရာ  အသိပညာပေးနံရံကပ်ပြဘုတ်အား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပြဘုတ်တွင် ကလေးသူငယ်များ၏ အသက်အပိုင်းအခြားအလိုက် ရပိုင်ခွင့်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အရေးများ၊ အသက်ရှင်သန်မှုဆိုင်ရာ အခွင့်အရေးများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် အခြေခံမူကြီး (၄)ရပ်၊ ကလေးသူငယ်အခွင့်အရေးများနှင့် စပ်လျဉ်းပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ပြဌာန်းချက်များ ပါဝင်ကြောင်း သိရကာ ဒေသခံပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုကြကြောင်းနှင့် ဝင်ရောက်လေ့လာဖတ်ရှုသူများကို မြို့နယ်ရုံး ဝန်ထမ်းများက ကလေးသူငယ် အခွင့်ရေးများနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အချက်အလက်များကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေအသိမြင့်မားစေရေးအတွက် မြို့နယ်ရုံးရှိ အသိပညာပေးမြေစိုက်ဘုတ်တွင် လစဉ် ပြည်သူများ ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ရန် ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး အစရှိသည့် ပညာပေးစာစောင်များ၊ ပိုစတာများ၊ ဆောင်းပါးများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်များကို ပြုလုပ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)