ထန်ပါခွေ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နိုဝင်ဘာလ (၂၂)ရက် နံနက်(၁၀)နာရီအချိန်က တောင်သူ ဦးမလိုင်၏ တောင်ယာစပါးခင်း၌ တောင်ယာစပါး အထွက်နှုန်းသိရှိရန် မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့(ထန်ပါခွေ-တိုင်ငန်) ကားလမ်းအနီးရှိ တောင်သူ ဦးမလိုင်၏ တောင်ယာစပါးစံကွက်၌ ဘူကျောက် (လုံးပု) တောင်ယာစပါး(၆.၆ပေ × ၆.၆ပေ) (၀.၀၀၁) ဧက ရိတ်သိမ်းခဲ့ရာ နို့ဆီဗူး (၇)ဗူး ထွက်ရှိကာ (၁) ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၅၄.၆၉)တင်း ထွက်ရှိမည်ဟု ခန့်မှန်းရပြီး စပါးကောက်ကွက်ပေါင်း (၇၂၀၀၀)၊ ပျမ်းမျှ အနှံပါအပင်ပွား (၈) ပင်၊ စပါး (၁) နှံပါအောင်စေ့ပျမ်းမျှ (၉၀) စေ့နှင့် (Y Method) အရ ခန့်မှန်းအထွက်နှုန်း (၅၉.၅၇) တင်း ထွက်ရှိမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါတောင်ယာစပါးစံကွက် ရိတ်သိမ်းမှုတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက (၁)ဧက ကောက်ကွက် ပျမ်းမျှ (၁၀၀) အထက် စိုက်ပျိုးရန်၊ ပျမ်းမျှအပင်ပွား (၁၀) ပင်နှင့်အထက် (၁)နှံပါ ပျမ်းမျှအောင်စေ့ (၁၀၀)စေ့နှင့်အထက် ထွက်ရှိနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)