တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနေသည့် ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညို

ထားဝယ် မတ် ၃၁

သာသနာရေးနှင့်ယဉ်ကျေးမှူဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပနေသော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းဇော်မြင့်က ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညိုစဉ် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက သာသနာ့ဗိမာန်တော်ကြီး၌ ဖြေဆိုနေသော သံဃာတော်၊ သီလရှင်၊ သာမဏေနှင့် လူပုဂ္ဂိုလ်များအား လှည့်လည်ကြည်ညိုအားပေးသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၌ ထားဝယ်စာဖြေဌာနတွင်  ၂၈ ပါး၊  မြိတ်စာဖြေဌာနတွင် ၄၃ ပါး၊  ပါဠိပထမပြန်စာမေးပွဲ၌ ထားဝယ်စာဖြေဌာနတွင် ပထမကြီးတန်း ၁၆ ပါး၊ ပထမလတ်တန်း ၁၅ ပါး၊  ပထမငယ်တန်း ၄၉ ပါး၊  အခြေပြုမူလတန်း ၈၉ ပါး၊ မြိတ်စာဖြေဌာနတွင် ပထမကြီးတန်း ၁၅ ပါး၊ ပထမလတ်တန်း ၆၀ ပါး၊  ပထမငယ်တန်း ၁၀၂ ပါး၊  အခြေပြုမူလတန်း ၁၄၇ ပါး၊  ကော့သောင်း စာဖြေဌာနတွင် ပထမကြီးတန်း ၁၁ ပါး၊ ပထမလတ်တန်း ၁၃ ပါး၊  ပထမငယ်တန်း ၂၆ ပါး၊  အခြေပြုမူလတန်း ၅၈ ပါး ဖြေဆိုလျက်ရှိသည်။

အဆိုပါစာဖြေဌာနများတွင် ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

ကျော်ကျော်လတ်