သရက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်  ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခံခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ငလျှင်ဘေး၊ လေပြင်းဘေး၊ မိုးကြိုဘေး၊ မီးဘေး၊ မုန်းတိုင်းဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ်ရေးသဘာဝဘေးအန္တရာယ်၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်နှင့်လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ခေါင်စဉ်များဖြင့် အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)