မိုင်းရယ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန် နေ့ နေ့လည်(၁)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည် နှုတ်ဖြေပြိုင်ပွဲကို ကျင်းပပြုလုပ်ပါသည်။
အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ကျောင်းများမှ Grade-5၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9၊ ကျောင်းသား/သူ(၁၇)ဦး ပါဝင် ယှဉ်ပြိုင်ကြပါသည်။ အဆိုပါပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြသူများအား မြို့နယ်ဒုတိယပညာရေးမှူး ဦးမျိုးဇော်ဦးက ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)