ခရမ်းမြို့နယ်တွင် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 ခရမ်း   နိုဝင်ဘာ   ၂၄

ခရမ်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre) ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာကြည့်တိုက် မြေနေရာအမည်ပေါက်ရရှိရေး၊ လှူဒါန်း စာအုပ်များ စနစ်တကျ စာရင်းရေးသွင်းရေး ကော်မတီများ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် စာကြည့်တိုက်သင်တန်းသို့ သင်တန်းသားစေလွှတ်ရေးတို့ အတွက် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်လှဝင်းနှင့်ကော်မတီဝင်များက ရပ်ကွက် ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ သင်တန်းသားများ စေလွှတ်ရေး၊ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွင့်ဖြိုးတိုးတက်ရေးအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)