သန်လျင် နိုဝင်ဘာ ၂၅
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဆက်စပ်အဖွဲ့များ ပူးပေါင်းပါဝင်သော ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးစသည့် စစ်ကြောင်းတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ကျေးလက်ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မိသားစုဝင်ငွေတိုး တစ်နိုင်တစ်ပိုင်လုပ်ငန်းများတွင် ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)