ရေတာရှည်မြို့ စည်ပင်သာယာဈေးအား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း ပညာပေး လက်တွေ့ သရုပ်ပြ​လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် ​ရေတာရှည်မြို့ စည်ပင်သာယာဈေးအား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေး လက်​​တွေ့သရုပ်ပြ​လေ့ကျင့်ခြင်းကို ယမန်နေ့ ​နေ့လယ် ၁ နာရီအချိန်က အဆိုပါ စည်ပင်သာယာဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တ​လေး​တိုင်း​ဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကဝါးဖြူတောင်ကျေးရွာ သိက္ခာရာမကျောင်းတိုက်ဓမ္မာရုံတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မိုင်းခုတ်မြို့၌ ကိုယ်လက်လှုပ်ရှားအားကစားကဏ္ဍဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

လူထုလှုပ်ရှားမှု ဒီဇင်ဘာအားကစားလကျရောက်တော့မည်ဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှားအားကစားနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ မြို့အဝင်ဂိတ်များတွင် စဉ်ဆက်မပျတ် ကြပ်မတ်စစ်​ဆေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင်ဆောင်ရွက်ကြသည်။

သက်ကြီးဘိုးဘွားများအတွက် စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်အဖွဲ့က ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန် ရည်ရွယ်၍ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့က ပွင့်ဖြူမြို့နယ်ရှိ သက်ကြီးဘိုးဘွားများကို စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများ အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ အထက(ခွဲ)ကတန်အသင်းနှင့် အထက တာရပိုင်း ကျောင်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အထက တာရပိုင်းအသင်းက (၂)ပွဲ အနိုင်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။

လွိုင်လင်မြို့နယ်၊ ခဲတန်ကျေးရွာနှင့်ဟွေတောက်ကျေးရွာ၌ အခြေခံပညာကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်းရှိ ခဲတန်ကျေးရွာနှင့် ဟွေတောက်ကျေးရွာတို့တွင် အခြေခံပညာမူလွန် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးကြသည်။

မြို့သစ်မြို့နယ်၏ ဒေသထွက်ငရုတ်သီးစိမ်းများ စျေးကောင်းရ၍အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရာ ငရုတ်သီးအပင်များ အောင်မြင်ဖြစ်ထွန်းပြီးငရုတ်သီးစိမ်းစျေးများ အနည်းငယ်မြင့် တက်လျက်ရှိကြောင်း သိရသည်။
Subscribe to