မြိတ်မြို့တွင် စားသုံးသူနစ်နာမှုများအတွက် စားသုံးသူများ၏အခွင့်အရေး အသိပညာပေး (Talk Show ) အစီအစဉ်ရိုက်ကူးဆောင်ရွက်

မြိတ် နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စားသုံးသူနစ်နာမှုများအတွက် စားသုံးသူများ၏အခွင့်အရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး (Talk Show) အစီအစဉ်ကို စားသုံးသူများ၏အခွင့်အရေးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်၊ စားသုံးသူများ၏တာဝန်၊ စားသုံးသူများ၏အခွင့်အရေးနှင့် နစ်နာမှုများကို ပြည်သူများသိရှိနားလည်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပညာပေးအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က အသိပညာပေးဆွေးနွေးရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြိတ်ခရိုင်ဦးစီးဌာနရုံးမှ ဦးစီးမှူးဒေါ်မိုးသီသီက စားသုံးသူအခွင့်အရေးဦးစားပေးဆောင်ပုဒ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရည်မှန်းချက်များ၊ စားသုံးသူ၏တာဝန်၊ အခွင့်အရေးများနှင့် စားသုံးသူနစ်နာမှုများရှိလာပါက တိုင်ကြားဆောင်ရွက်နိုင်သည်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)