မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိဿလိမ်း(ကျင်း) ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ

သရက် နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ပိဿလိမ်း(ကျင်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာနေ ပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြဆောင်ကြရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် အဓိကဖြစ်သည့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာလုံခြုံရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ကျေရွာရပ်မိရပ်ဖများအနေဖြင့် မိမိရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဌာနများမှ မိမိတို့၏ဌာနအလိုက် ပြောကြားပေးခဲ့ကာ ကျေးရွာနေပြည်သူများမှ မိမိတို့ကျေးရွာအတွက် ဆောင်ရွက်ပေးစေလိုသည့် ဒေသဖွံ့ဖြိုးရေးကိစ္စများကိုတင်ပြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်သည့်ဌာနများမှ ပြန်လည်ပေါင်းစပ်ဆွေးနွေးပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး ဆွေးနွေးပေးခဲ့ပြီး အိမ်ထောင်စုဇယားများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)