ရွှေကျင် နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာတွင် ယမန်နေ့ည ၈ နာရီခွဲက အမည်စိစစ်ဆဲ အကြမ်းဖက်အဖွဲ့၏ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ယနေ့နံနက် ၉ နာရီခွဲက ငွေနှင့်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အမည်စိစစ်ဆဲ အကြမ်းဖက်အဖွဲ့၏ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သောင်လယ်ကျေးရွာနေ ဦးဝင်းသိန်း(၄၅) နှစ် (ဘ) ဦးတင်စိုးတွင် ဝဲဘက်ခြေဖမိုးထိခိုက်ဒဏ်ရာနှင့် မောင်အောင်ပြည့်ဝင်း (၁၀) နှစ် (ဘ) ဦးဝင်းသိန်းတွင် ဝဲပေါင်ရင်းအစမှန်၊ ဝဲနားနောက် အစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) များ ရရှိခဲ့ပြီး ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက် ကုတင် (၁၀၀) ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာသားအဖ(၂) ဦးအား ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ (၅၀၀,၀၀၀) ကျပ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ အာဟာရမုန့်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)