သာပေါင်း မြို့နယ်အတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဧည့်စာရင်း စစ်ဆေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ

သာပေါင်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ ဘဝဘေးကင်း လုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဝန်ထမ်းများ၊ အမှတ် (၃၀၈) ခြေမြန်တပ်ရင်း၊ ဒုတိယအရာခံဗိုလ် ကျော်သက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးဝင်းနိုင်ဦး၊ ဒုတိယရဲအုပ် အောင်လွင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရန်ပိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့် ရပ်ကျေးစာရေးတို့မှ တဲကြီးကုန်းလမ်း၌ ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
သာပေါင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ စိတ်အေးချမ်းသာ လုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေး ဆိုင်ရာလုပ်ငန်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် 
ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း ပြန်/ဆက်