ကျားမရေးရာ အခြေပြု အကြမ်းဖက်မှု (၁၆)ရက်တာ လှုပ်ရှားခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရမည်းသင်း မူလတန်းကြိုခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အမျိုးသမီးများအပေါ် အကြမ်ဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား/မအခြေပြု အကြမ်ဖက်မှု( GBV) အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးများအပေါ် အကြမ်ဖက်မှု အဆုံးသတ်ရေးအားလုံး ပေါင်းစုလှုပ်ရှားနိုင်ရေး ရှင်းလင်းပြောကြားပြီး ကျား/မရေးရာ အခြေပြုနည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ကာကွယ်ရေး၊ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး စသည်တို့ကို နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ (၁၀) ရက်နေ့ထိ (၁၆)ရက်တာ လှုပ်ရှားမည့် အမျိုးသမီးများတန်းတူ အခွင့်ရေးရရှိရေး gender  equity အသိပညာပေးခြင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားရာ ရမည်းသင်းခရိုင် ဒုတိယခရိုင်တပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်အောင်၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် လူမှုရေးအသင်းအဖွဲ့တို့မှ သိရှိလိုသည်များကို မေးမြန်းဆွေနွေးရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ပြန်လည် ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။

အခမ်းအနာသို့ ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်နှင့် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)