တောင်ဥက္ကလာပ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ စာရိတ္တကောင်းမွန်ရေး ကောင်းမွန်သောအလေ့အကျင့်ကောင်းများထားရှိရန်၊ အနာဂတ်တွင် ထူးချွန်သောလူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင်ကောင်းများ ရရှိစေရန်အတွက် လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြောကြားခဲ့ပြီး ယနေ့လူငယ်လူရွယ်များ နောင်ဝယ်ကာလတွင် ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်၊ မှန်ကန်သောအသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များရရှိစေရန်၊ လှပကောင်းမွန်သော အားလပ်သောအချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ Book Club တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊အကျင့်စာရိတ္တကောင်းမွန်ရေး၊ စာဖတ်ရှိန်မြင့်မားရေး၊ ကောင်းမွန်သောအနာဂတ်ဘဝဖန်တီးနိုင်ရေးအတွက် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)