တံတားဦး နိုဝင်ဘာ ၂၅
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre ) ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show ) ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပကြောင်း သိရသည် ။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က အမှာစကား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စုကြည်ထွေးက အမျိုးသမီး အကြမ်းဖက်နိုင်သည့် အကြောင်းအရာများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အကြောင်းအရာများ၊ အကြမ်းဖက်မှုများ ကြုံတွေ့ခဲ့လျှင် တိုင်ကြားရမည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တံတားဦးမြို့နယ်ရုံး အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိရေးအတွက် Online မှ တစ်ဆင့် အသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)