ကယားပြည်နယ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကယားပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ သံဃာတော်များ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု အားကစားပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု အားကစားပြိုင်ပွဲကို မြို့နယ်ပြည်သူ့ အားကစားကွင်တွင် ယနေ့နံနက် (၉) နာရီက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ရေပြင်တွင်အမှိုက်များစွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တန်းမြို့နယ်၊ ရေပြင်တွင်အမှိုက်များစွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ ရေလယ်ဘုရားဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၈) နာရီ က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

စိန်တောင်သစ်သားတံတားအား သံကူကွန်ကရစ်နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုချင်းဆက် စိန်တောင်သစ်သားတံတားကို သံကူကွန်ကရစ်နှစ် လမ်းသွား တံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအရည်အချင်းစစ်စာမေးပွဲ ဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ်ဂုဏ်ဆောင်ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရေးရည်ရွယ်၍

ရွှေပြည်သာမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှု ဆက်လက်ယှဉ်ပြိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အမှတ်(၈)ရပ်ကွက်၊ နဝရတ်ဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုယှဉ်ပြိုင်ခြင်းကို ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ မျက်မမြင်ကျောင်း၌ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပ

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် မသန်းစွမ်းအားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပခုက္ကူမြို့၊ မျက်မမြင်ကျောင်း၌ ကျင်းပသည်။

မော်လမြိုင်မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု  အထိမ်းအမှတ်ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော

မော်လမြိုင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ယနေ့ နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိ ပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အားကစားပြုလုပ်ခြင်း ဖြင့်ရရှိမည့်အကျိုး ကျေး ဇူးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား   ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ အားကစားပြုလုပ် ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး အားကစားနှင့်ကာယပညာဦးစီးဌာန  အားကစားမှူး ဦးဝဏ္ဏထွန်းက အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
Subscribe to