မြို့သစ်မြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါများစတင်ကောက်ယူ

မြို့သစ်မြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါများစတင်ကောက်ယူ မြို့သစ် နိုဝင်ဘာ ၃၀ ဇော်ဇော်

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ် အထွေထ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၏မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်  (ပခုက္ကူ) ၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ(ပထမနှစ်)သင်တန်းကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခနန်းမ၌ ကျင်းပသည်။                                             

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး

ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သော အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူရည်ချွန်စိစစ်ရွေးချယ်ခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၇:၀၀)အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းနှင့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး မြိတ်မြို့တွင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းနှင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလှမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယနေ့နံနက် (၁၀) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံး(၆၀၀)ပုံးနှင့် အမှိုက်အိမ်(၁၈)လုံးတို့ကို လွှဲပြောင်း ပေးအပ်

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများတွင် အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများအား စနှစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ အမှိုက်ပုံး(၆၀၀)ပုံးနှင့် အမှိုက်အိမ်(၁၈)လုံးတို့ကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မအီမြို့၌ စက္ခုဒါန မျက်စိဆေးရုံတည်ဆောက်ပြီးစီးမှု ၈၀ ရာခိုင်နှုန်းခန့်ရောက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော်ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇) ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် တည်ဆောက်လျက်ရှိသည့် စက္ခုဒါန မျက်စိဆေးရုံမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်က ကျိုင်းတုံ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ကျောက်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအား စျေးအင်္ဂါရပ်နှင့်ညီညွတ်ခြင်း ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရှိနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအား စျေးအင်္ဂါရပ်နှင့် ညီညွတ်ခြင်း ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ရမည်းသင်းမြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ကိုယ်ကာယ ကြံခိုင်ရေး အားကစားစွမ်းရည်ယှဉ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘက် စုံလူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံခိုင်မှု အားကစားဆက်လက်ကျင်းပခဲ့ရာ ယနေ့နံနက်(၇)နာရီ ၌ ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရေး ဆန်းစစ်ချက်အားကစား စွမ်းရည်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
Subscribe to