တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တောင်သာ နိုဝင်ဘာ ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၈) နာရီ က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ အောင်ကိုဦး ရေးသားသော ကတိစကားလေးတစ်ခွန်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ ကတိစကားလေးတစ်ခွန်း စာအုပ်ပါအကြောင်း အရာများမှ လက်ခံတတ်ဖို့  လိုပါတယ်အခန်းမှာပါရှိသည့် လူဆိုတာအမှားနဲ့မကင်းနိုင်ကြပါ။ ဒါပေမယ့် လူတွေဟာ ကိုယ်မှားတာကို မှားတယ်လို့ ပြောဖို့ဝန်လေးတတ် ကြပါတယ်။

ဝန်ခံတတ်တဲ့အလေ့အကျင့်ကို ပျိုးထောင်ယူရမှာဖြစ်ပါတယ်။ လူဆိုတာ အမှားနဲ့မကင်း တတ်ကြတဲ့အတွက် အမှားတွေများစွာ လုပ်မိတတ်ကြမှာပါပဲ အမှားကို မှားမှန်းသိတဲ့အခါ ဝန်ခံပါတောင်းပန်ပါ နောက်ထပ်လည်းထပ်မမှားရအောင် ကြိုးစားပါ ဒါ့အပြင် လူတစ်ယောက် က ကောင်းတာကို ချီးမွမ်းမြှောက်စားဖို့ လိုအပ်သလို မှားနေရင်လည်း ကောင်းစေချင်တဲ့ စေတနာနဲ့ အပြုသဘောထောက်ပြဝေဖန် လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ လိုမှာ ဖြစ်ပါကြောင်း စတဲ့အကြောင်းအရာများအား  အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)