စိန်တောင်သစ်သားတံတားအား သံကူကွန်ကရစ်နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်

လေးမျက်နှာ နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုချင်းဆက် စိန်တောင်သစ်သားတံတားကို သံကူကွန်ကရစ်နှစ် လမ်းသွား တံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

အဆိုပါတံတားသည် လှဲခုံလေးချောင်းကို ဖြတ်ကျော်၍ ပုသိမ်-မုံရွာကားလမ်းမကြီးနဲ့ ဆက်သွယ် ပေးထားသောတံတား တစ်ခုဖြစ်ကြောင်း၊ အရှည်ပေ ၉၀၊ အကျယ် ၂၀ပေ ရှိ Bored pile အုတ်မြစ် သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး ယာဥ်တစ်စီးချင်း ၄၈ တန် ခံနိုင်ဝန် ရှိကြောင်း၊ ယခုအခါ၌ Soil test(မြေစမ်းသပ်ခြင်း) လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ မြေစမ်းသပ်ပြီးပါက တံတားDesign ပုံစံရေးဆွဲပြီးနောက် လာမည့်၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ (၄၀၅)သန်းဖြင့် ကျခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် တံတားကြီး တည်ဆောက်ပြီးစီးသွားပါက တိုက်ရိုက်အကျိုးပြု ကျေးရွာ(၄)ရွာ၊ အိမ်ခြေ (၇၀၈) အိမ် ၊ လူဦးရေး(၂၈၇၈) ဦးခန့် အကျိုးပြုနိုင်ကြောင်း ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်လင်းထံမှ သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)