ကျောက်ဆည် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု အားကစားပြိုင်ပွဲကို မြို့နယ်ပြည်သူ့ အားကစားကွင်တွင် ယနေ့နံနက် (၉) နာရီက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲတွင် မီတာ(၁၀၀)၊ မီတာ(၄၀၀)၊မီတာ(၈၀၀)အပြေး၊ လက်ထောက်တွန်းတင်၊ အိပ်ထ မတင်၊ ရပ်လျှက်အလျားခုန် အားကစားနည်းများပါဝင်ပြီး ကျောင်းသား/ကျောင်းသူများ ထူးချွန် ထက်မြက်၍ ကျန်းမာသန်စွမ်းကာ စာရိတ္တကောင်းမွန်သည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြာင်းနှင့် လူရည်ချွန်ပြိုင်ပွဲသို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ Gread-(9) ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ (၁၉)ဦး Grade-(10) ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၁၂)ဦး Grade-(11)ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ (၁၁)ဦး စုစုပေါင်း (၈၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း အရွေးချယ်ခံလူရည်ချွန်များသည် ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)