ကျောက်တန်းမြို့နယ် ရေပြင်တွင်အမှိုက်များစွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တန်း   နိုဝင်ဘာလ   ၃၀

ကျောက်တန်းမြို့နယ်၊ ရေပြင်တွင်အမှိုက်များစွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ ရေလယ်ဘုရားဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်တင်မိုးဆွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသန့်ဇင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်၊၊

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိဒေါ်တင်မိုးဆွေမှ ကျောက်တန်းမြို့နယ်တွင် အမှိုက်များကို ရေပြင်သို့စွန့်ပစ်ခြင်းအား မပြုလုပ်ရန် အခုလိုအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ရေပြင်သို့စွန့်ပစ်ခြင်းကြောင့် ရေအရင်းအမြစ်၊ ရေသံယံဇာတများ ဆုံရှုံးမှုရရှိပါကြောင်း၊ ရေပြင်သို့စွန့်ပစ်ခြင်းမပြုပဲ စနစ်တကျအမှိုက်များကို စွန့်ပစ်စေလိုပါကြောင်း ရှင်းလင်ပြောကြားခဲ့ပါသည်၊၊

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ကျောက်တန်းမြို့နယ်အနေဖြင့် မြို့မဈေးကြီးသည် မှော်ဝန်းချောင်းနံဘေးတွင်တည်ရှိသည့်အတွက် အမှိုက်များစွန့်ပစ်ရာတွင် ရေပြင်သို့အလွယ်တကူ စွန်ပစ်ခြင်းမပြုပဲ အမှိုက်များစုစည်းပြီး စနစ်တကျ အမှိုက်သိမ်းကားထံသို့ စွန့်ပစ်စေချင်ပါကြောင်း၊ အခုအခါဈေးများတွင် ပလတ်စတစ်အိတ်များဖြင့်  ထုတ်ပိုးသုံးစွဲမှုမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာသည့်အတွက်  လျော့ချသုံးစွဲစေချင်ပါကြောင်း၊ ပလတ်စတစ်အိတ်များသည် ထုပ်ပိုးသုံးစွဲရန်လွယ်ကူသော်လည်း ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်စေပါကြောင်း၊ တော်ယုံနှင့်မပျက်စီးပါကြောင်း၊ ရေပြင်သို့စွန့်ပစ်ခြင်းကြောင့်လဲ ရေထဲရှိသတ္တဝါများကိုလည်း ထိခိုက်စေပါကြောင်း၊ အတတ်နိုင်ဆုံးရေပြင်သို့အမှိုက်များကို မစွန့်ပစ်စေချင်ပါကြောင်းစသည်တို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်၊၊

မြို့နယ်ပြန်/ဆက်