တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိ ပညာပေး Talk Show ပြုလုပ်

တောင်သာ နိုဝင်ဘာ ၃၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အားကစားပြုလုပ်ခြင်း ဖြင့်ရရှိမည့်အကျိုး ကျေး ဇူးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား   ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ အားကစားပြုလုပ် ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး အားကစားနှင့်ကာယပညာဦးစီးဌာန  အားကစားမှူး ဦးဝဏ္ဏထွန်းက အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ  အားကစားမှူး ဦးဝဏ္ဏထွန်းက ဆွေးနွေးရာတွင် အားကစားနှင့်ကာယပညာဦးစီး ဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များအား ရှင်းလင်းဆွေးနွေးပြီးနောက် ကျန်းမာခြင်းသုခ မုချခံစားရမည်၊ မိသားစုအားလုံး ကျန်းမာပျော်ရွှင် ရမည်၊ လူငယ်/မောင်မယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်စေရမည်၊ နာမကျန်းဖြစ်၍ ဆေးဝါးကုသခြင်းမှ ကင်းဝေးစေရမည်၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း စသည်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)