ရွှေပြည်သာ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အမှတ်(၈)ရပ်ကွက်၊ နဝရတ်ဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုယှဉ်ပြိုင်ခြင်းကို ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများ မြို့နယ်အဆင့်လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုယှဉ်ပြိုင်နေပုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်၊ မြို့နယ်ပညာရေးမှူးဦးဝင်းမြင့်နှင့် ဆရာ/ဆရာမများနှင့်မိဘအုပ်ထိန်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲအား မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းသား/သူ(၇၁)ဦးဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)