ပြင်ဦးလွင်မြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

​မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအား ဝက်ဝံကျေးရွာအုပ်စု၊ မြိုင်ကြီးကျေးရွာ ကွင်းအမှတ်-၇၀၁၊ ဦးပိုင်အမှတ်(၃၁)ရှိ တောင်သူ ဦးမြင့်သောင်း၏ လယ်တွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းအား ဆက်လက်ပြုလုပ်စစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းအား ယနေ့နံနက် ၈ နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ဆက်လက်ပြုလုပ်စစ်ဆေးလျက်ရှိသည်။

ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အားကစားကဏ္ဍ တိုးတက်မြင့်မားရေးနှင့် ကျောင်းပညာရေးအပြင် ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ကျောင်းသား အားကစားပြိုင်ပွဲများအား ဒီဇင်ဘာ ၃ ရက်မှ ၅ ရင်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့တွင် လူမှုဖူလုံရေးအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်း ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျား ဆေးကုသယာဉ်ဖြင့် (အခမဲ့)ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက် တနင်္ဂနွေဆွမ်းကျောင်းတွင် စုရပ်သတ်မှတ် ဆေးကုပေးကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးရက်တိုသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းမူလတန်းကြို ကျောင်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအသိပညာပေး ရက်တိုသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ လူမူဝန်ထမ်းဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများနှင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အခက်အခဲနှင့်အောင်ပွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သပိတ်ကျင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူ( Book-Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့လူ ထုအခြေပြုဗဟိုဌာန( Community-Centre)ခန်းမတွင်ယနေ့နံနက်( ၁၀) နာရီက စာပေချစ်မြတ်နိုးသူ(Book-Club)အဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း ပြီး စာရေးဆရာချစ်နိုင်( စိတ်ပညာ)ရေးသားသည့် "နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများလာရောက်လေ့လာ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။

စဉ့်ကူးမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်       

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို စဉ့်ကူးမြို့စည်ပင်သာယာဈေးအတွင်းနှင့် စဉ့်ကူး-ရွှေဘို လမ်းဆုံနေရာတို့တွင် ယနေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့သည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေ အားကစားကွင်းကြီး၌ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ​ပေါက်တောရွှေမြေအားကစားကွင်းကြီး၌ ပြုလုပ်ခဲ့ကြသည်။
Subscribe to