အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပခဲ့သည်။