ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများသည် ဆန်စပါးအပြင် ဈေးကွက်ဝင်မည့် သီးနှံမျိုးစုံ စိုက်ပျိုးလျက် သင်္ဂတုံကျေးရွာမှ စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကလေးမြို့တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်း စည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာအုပ်စု၊ ညံတော အင်းကျေးရွာ ကွင်းအမှတ်(၃၈၄)ရှိ စိုက်ပျိုးမြေဧကများအား သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်း မြင့်မားလာစေရေးအတွက် ဧရာဝတီမြစ်မှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ပြီး မိုးသီးနှံသာမကဆောင်းသီးနှံနှင့် နွေသီးနှံကိုပါ တိုးတက်စိုက်ပျိုးလာစေရန် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်

ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ လူရည်ချွန်ရွေးချယ်နိုင်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း​ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့်  လူရည်ချွန်ရွေးချယ်နိုင်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ​မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးရေးဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံရှိ မသန်စွမ်းအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က  ဆက်လက်ကျင်းပခဲ့သည်။

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေး နှစ်ရှည်အရိပ်ရ ပန်းအလှပင်များဖြင့် အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာ လှပလာစေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ခရီးသွားများအား စွဲဆောင်သော မြို့ပြတစ်ခုဖြစ်လာ စေရေးအတွက် ပန်းမြို့တော်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။

ကလောမြို့နယ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ဝါးရုံပင်ကျေးရွာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကိုယမန်နေ့ နံနက်ပိုင်းက ကွင်းအမှတ်(၅)အတွင်း စိုက်ပျိုးထားသည့် တောင်သူဦးကြီးရင်၏ ရွှေရင်အေးစပါးစိုက်ခင်း၌

ကြံခင်းမြို့နယ် မျောကုန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံတောအုပ်စု  မျောက်ချောကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ယမန်နေ့နံနက်ပိုင်းက  အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယမန်နေ့နံနက်က သမဝါယမဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်နှင့် အ.ထ.က(၃)ကျောင်းသို့ သုတရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။ 

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ ဒဂုံရွှေပြည်ဈေးတွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးသရုပ်ပြဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ဒဂုံရွှေပြည်ဈေးတွင် မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပခြင်း၊ ဈေးအတွင်းမီးဘေးအန္တရာယ်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to