ဘီးလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသ ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက အ.မ.က(ရေဇလုပ်)သို့ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

ပုလောမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက် (၁၀)နာရီက  (အ.မ.က)ဂွေးပင်ချောင်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမှတ်(၂) ရပ်ကွက်တွင် ပျက်စီးသည့်လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာပြန်လည်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများတိုးပွားလာစေရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အ.ထ.က(ခွဲ)ရိုးခွ၊ အ.ထ.က(ခွဲ) အတွင်းသဲဖြူကျောင်းနှင့် အ.လ.က(ခွဲ)ကျောင်းကုန်းကျောင်းများတွင် စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သထုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ပရိုကိုး အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

တောင်တွင်းကြီးမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အစိုးရဆည်/ရေလှောင်တမံများဖြစ်သော ငမင်ရေလှောင်တမံနှင့် ရန်ပယ်ရေလှောင်တမံ ဆည်ရေသောက်စနစ်ဖြင့် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ နွေစပါး ဧက (၉၀၀) ကျော် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ယမန်နေ့နံနက် (၁၀)နာရီအချိန်က  ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၏ ဦးဆောင်မှု​ဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်အုပ်စု၊ ကံကြီးကုန်းကျေးရွာသို့ သွားရောက်၍ ဒေသခံတောင်သူများကို နွေစပါးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 

လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးက မောက်မယ်မြို့နယ်၌ ပဲပုပ်သီးနှံများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအားကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုပ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယမန်နေ့ နေ့လယ် ၁၂ နာရီက တစ်ကွင်းတစ်စပ်တည်း ပဲပုပ်ဧက (၅၀) စိုက်ခင်းသို့ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက သွားရောက်ကြည့်ရှုခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌မယ်လမု စေတီတော်ကြီး(၅၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲ‌တော် ဗုဒ္ဓါဘိ‌သေကအနေကဇာတင်အခမ်းအနားနှင့် မဟာပဌာန်းကျမ်းမြတ်ရွက်ဖတ်ပူ‌ဇော်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော (၅၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲတော် ဗုဒ္ဓါဘိ‌သေကအနေကဇာတင် အခမ်းအနားကိုယနေ့ နံနက်၅ နာရီအချိန်က ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပင့်သဃာတော်များက စေတီ‌တော်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့သည်။

ပင်လုံမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကျူရုံးကျေး)၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ.က(ကျူရုံးကျေး)ကျောင်းသို့သွားရောက်ပြီး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Subscribe to