ချောင်းဦး ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများမှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပါတီကိုယ်စားလှယ်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များစုပေါင်းပြီး တတိယအကြိမ် မဲဆန္ဒရှင်စာရင်းမကြေညာမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းမြင့်အောင်